မင်္ဂလာပါ ခင်ဗျာ...
ကျွန်တော်တို့ Micro IT မှ အခု Knowledge Sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။
အဲ့ဒါလေးကတော့ ပုံမှန် E-mail နဲ့ Domain E-mail ဘယ်လိုကွာခြားသလည်းဆိုတာလေးပဲဖြစ်ပါတယ်။

ပုံမှန် E-mail ဆိုတာက E-mail တစ်ခုရဲ့အနောက်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ "@gmail.com", "@yahoo.com", "@outlook.com" အစရှိသဖြင့် ကိုယ်အသုံးပြုတဲ့ Server ပေါ်မူတည်ပြီး  နောက်က Sever နာမည်လေးတွေကွာခြားပြီးပါဝင်နေတာဖြစ်ပါတယ်။ ဥပမာလူငါးယောက်လုံးက Google Server အောက်က E-mail ကိုသုံးမယ်ဆိုရင် အဲ့ဒီ့လူငါးယောက်လုံးရဲ့  E-mail နောက်ဆုံးအဆုံးသတ်နာမည်တွေဟာ "@gmail.com" ဆိုတာပါဝင်နေမှာဖြစ်ပါတယ်။

Domain E-mail ဆိုတာကတော့ ကျွန်တော်တို့ ရဲ့ Company Name ဒါမှမဟုတ် Organization Name တွေနဲ့အဆုံးသတ်တဲ့ ကိုယ်ပိုင် E-mail နာမည်တွေနဲ့  Mail တွေကိုခေါ်တာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ Micro IT ရဲ့ Domain E-mail ဆိုရင် Mail ရဲ့ နောက်ဆုံးမှာ "@microinfotech.org" ဆိုတာလေးနဲ့အဆုံးသတ်ပါတယ်ခင်ဗျာ။ ဒါဆိုရင် ကိုယ့် Inbox ထဲမှာ E-mail စစ်ကြည့်လိုက်တဲ့အခါကျ Micro IT က E-mail တော့ဝင်နေပါလား ဒါမှမဟုတ် ကိုယ်ကအခြားသူတစ်ယောက်ကို E-mail ပို့တဲ့အခါမှာလည်း ဘယ် Company ကတော့ E-mail ရောက်နေတယ်ဟေ့ ဆိုတာမျိုးထင်ထင်ရှားရှားအလွယ်တစ်ကူသိနိုင်မှာပဲဖြစ်ပါတယ် ခင်ဗျာ။

လူကြီးမင်းတို့အနေနဲ့ ကိုယ်ပိုင် နာမည် ဒါမှမဟုတ် လုပ်ငန်းနာမည်နဲ့ Domain E-mail လေးကိုအသုံးပြုချင်တယ်ဆိုရင် ကျွန်တော်တို့ Micro IT ရဲ့ Page Messenger မှဖြစ်စေ 09-880918852, 09-880918853, 09-880918854  ဆက်သွယ်စုံစမ်းပြီး ဝယ်ယူလို့ရပါတယ်ခင်ဗျာ။

ဒါလေးကတော့ ပုံမှန် E-mail နဲ့ Domain E-mail နဲ့ကွာခြားပုံလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။
နောက်ထပ်လည်း ကျွန်တော်တို့ Micro IT မှ အခုလိုစိတ်ဝင်စားစရာ Knowledge Sharing လေးတွေကို ဖော်ပြပေးအုံးမှာဖြစ်လို့ ကျွန်တော်တို့ Page ကို Like & Follow လေးလုပ်ပြီးစောင့်မျှော်ပေးကြပါအုံးခင်ဗျာ။