နည်းပညာများ တိုးတက်လာတာနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း စီးပွားရှာရတာဟာ တကယ်ကိုမလွယ်ကူပါဘူး။
ကွန်ပျူတာများ နည်းပညာပစ္စည်းများ ကိုအသုံးပြုရင်း လုပ်ငန်းများတိုးတက်လည်ပတ်အောင် ကြိုးစားနေရတဲ့ သူများအတွက်ဆို ပိုလို့တောင်ဆိုးပါသေးတယ်။ အလုပ်လုပ်နေရင်း ကွန်ပျူတာ လေးလာတာ၊ ကိုယ်သုံးချင်တဲ့ software ကိုမြန်မြန်ဆန်ဆန်မပွင့်တာ၊ သိမ်းထားတဲ့ file တွေ folder တွေ ပျက်ကုန်တာ၊ အရေးကြီး စာရွက်စာတမ်းတွေ Print ထုတ်ခါနီးမှ Printer က မကောင်းတာ အဲ့လိုတွေကြုံတွေ့ရပြီဆိုရင် တက်ကြွနေတဲ့ စိတ်လေးပါ ဟိုးအောက်ဆုံးထိ ကျဆင်းပြီး ဘာအလုပ်မှ ဆက်မလုပ်ချင်အောင် ဖြစ်စေတတ်ပါတယ်။
ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် Micro-IT Group ရဲ့ Facility Management Service လေးက အသင့်ရှိနေပါတယ်။ ဒီ Facility Management Service လေးဟာဆိုရင် နည်းပညာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အားလုံးကို စောင့်ကြည့်၊ထိန်းသိမ်း၊ပြုပြင် ပေးတာပဲဖြစ်ပါတယ်။
အဆောက်အဦး တစ်ခုလုံးရဲ့ မီးအားချိန်ညှိ ပေးတာကစလို့ ကွန်ပျူတာများ Window တင်ခြင်း၊ မိမိအသုံးပြုလိုတဲ့ Software များ သွင်းပေးခြင်း၊ Malware,Virus များရန်မှ ကာကွယ်ပေးခြင်း၊ အရေးကြီးတဲ့ File,Folder များပျက်စီးမှု မဖြစ်အောင် Backup and Recovery လုပ်ပေးခြင်း၊ Printer,Copier များကို ကွန်ပျူတာနဲ့ လွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်ရင် Network ချိတ်ဆက်ပေးခြင်း၊ Computer,Printer,Copier များအတွက် စက်ပစ္စည်းများ ပြုပြင်ဖို့ လဲဖို့ လိုအပ်ပါကလည်း ပြုလုပ်ပေးခြင်း အစရှိသဖြင့် ဝန်ဆောင်မှုမျိုးစုံကို Micro-IT Group ရဲ့ Facility Management Service အနေဖြင့် ဝန်ဆောင်မှုပေးနေပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် Facility Management Service လေးကို ကိုယ်ပိုင်စာသင်ကျောင်းများ၊ E-sport Center များ၊ Company များ၊ စက်ရုံများ မှာလည်းအသုံးပြုနေကြပြီဖြစ်ပါတယ်။ Micro-IT Group မှ ကျွမ်းကျင်တဲ့ ပညာရှင်များကိုယ်တိုင် လူကြီးမင်းတို့ လုပ်ငန်းခွင် အထိ လာရောက် ကြည့်ရှုပြီး Observation Report ကိုလည်း လူကြီးမင်းတို့လက်ထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးမှာဖြစ်လို့ အချိန်နဲ့ တပြေးညီ စက်ပစ္စည်းများရဲ့ အကျိုးအပြစ်များကို သိနိုင်မှာဖြစ်လို့ အလုပ်ကိုပိုတွင်ကျယ် စေမှာပဲဖြစ်ပါတယ်။
အရေးကြီးဆုံးအချက်အနေနဲ့ ကျွန်တော်တို့ရဲ့ “Your Digital Safety is Our First Priority” ဆိုတဲ့ဆောင်ပုဒ်အတိုင်း အရေးကြီးအချက်အလက်များ မပေါက်ကြားဖို့ကိုလည်း တာဝန်ယူမှု တာဝန်ခံမှုအပြည့်နှင့် လုပ်ဆောင်ပေးတာဖြစ်ကြောင်း သတင်းကောင်းလေး ထပ်မံပါးလိုက်ပါရစေ။
Facility Management Service မှာလူကြီးမင်းတို့ အသုံးပြုနေတဲ့ စက်ပစ္စည်းအရေအတွက် အလိုက် Package လေးများကို ခွဲထားပေးတာဖြစ်လို့ အလေအလွင့် ငွေကုန်တာမျိုးမရှိပဲ ပိုမိုသက်သာစွာ ပြုပြင်လို့ရနိုင်မှာပဲဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိ လိုပါက Micro-IT Group ရဲ့ Facebook Page Messenger မှဖြစ်စေ ဖုန်းနံပါတ် 09880918851 (သို့မဟုတ်) 09880918852 တို့မှလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။