စီးပွားရေးလုပ်ငန်းဆိုတာ အလွန်ကျယ်ပြန့်တဲ့ အရာ တစ်ခုပါ။ မိမိလုပ်ကိုင်နေတဲ့ စီးပွားရေးကို သူများနဲ့မတူပဲ ထူးခြားစွာတိုးတက် လိုကြတာကလည်း လူတိုင်းရဲ့ ဆန္ဒတစ်ခုပါပဲ။ အခုလို နည်းပညာခေတ်ကြီးမှာ လုပ်ငန်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့ အပြန်အလှန် Mail တွေပို့ပြီး အလုပ်လုပ်ကိုင် နေကြတာကလည်း သာမန်ကိစ္စရပ်တစ်ခု ဖြစ်နေပါပြီ။
အဲ့ဒီလို E-mail ပို့တဲ့အခါ Normal E-mail (@gmail.com, @outlook.com, @yahoo.com) တွေလို မဟုတ်ပဲ လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်း နာမည်နဲ့ E-mail တစ်ဆောင်ပို့မယ် ဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ Brand Identity ကလည်း အဆင့်အတန်းတစ်ခုမှာ ရှိနေစေမှာ အသေအချာပါပဲခင်ဗျာ။


ပထမဦးစွာ Normal E-mail နှင့် Domain E-mail လေးအကြောင်းကို ရှင်းပြပေးပါရစေ။
Normal E-mail ဆိုတာက E-mail တစ်ခုရဲ့အနောက်မှာ မြင်တွေ့နေရတဲ့ "@gmail.com", "@yahoo.com", "@outlook.com" အစရှိသဖြင့် ကိုယ်အသုံးပြုတဲ့ Server ပေါ်မူတည်ပြီး  နောက်က Sever နာမည်လေးတွေကွာခြားပြီးပါဝင်နေတာဖြစ်ပါတယ်။ ဥပမာလူငါးယောက်လုံးက Google Server အောက်က E-mail ကိုသုံးမယ်ဆိုရင် အဲ့ဒီ့လူငါးယောက်လုံးရဲ့  E-mail နောက်ဆုံးအဆုံးသတ်နာမည်တွေဟာ "@gmail.com" ဆိုတာပါဝင်နေမှာဖြစ်ပါတယ်။


Domain E-mail ဆိုတာကတော့ ကျွန်တော်တို့ ရဲ့ Company Name ဒါမှမဟုတ် Organization Name တွေနဲ့အဆုံးသတ်တဲ့ ကိုယ်ပိုင် E-mail နာမည်တွေနဲ့  Mail တွေကိုခေါ်တာဖြစ်ပါတယ်။ ဥပမာ Micro IT ရဲ့ Domain E-mail ဆိုရင် Mail ရဲ့ နောက်ဆုံးမှာ "@microinfotech.org" ဆိုတာလေးနဲ့အဆုံးသတ်ပါတယ်ခင်ဗျာ။ ဒါဆိုရင် ကိုယ့် Inbox ထဲမှာ E-mail စစ်ကြည့်လိုက်တဲ့အခါကျ Micro IT က E-mail တော့ဝင်နေပါလား ဒါမှမဟုတ် ကိုယ်ကအခြားသူတစ်ယောက်ကို E-mail ပို့တဲ့အခါမှာလည်း ဘယ် Company ကတော့ E-mail ရောက်နေတယ်ဟေ့ ဆိုတာမျိုးထင်ထင်ရှားရှားအလွယ်တစ်ကူသိနိုင်မှာပဲဖြစ်ပါတယ် ခင်ဗျာ။ နောက်တစ်ခုကတော့ ယခုလို ကိုယ်ပိုင် Domain နဲ့ E-mail ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ကြော်ငြာ mail တွေ ဝင်ဝင်လာပြီး အရေးကြီးတဲ့ E-mail တွေ မဖတ်ိလိုက် ရတဲ့ ကိစ္စမျိုးတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ကိုယ်ပိုင် နာမည် ဒါမှမဟုတ် လုပ်ငန်းနာမည်နဲ့ Domain E-mail လေးကိုအသုံးပြုချင်တယ်ဆိုရင် ကျွန်တော်တို့ Micro IT ရဲ့ Facebook Page Messenger မှဖြစ်စေ ဖုန်းနံပါတ် 09880918851 (သို့မဟုတ်) 09880918852 တို့မှ ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။