Domain E-mail ကိုအသုံးပြုပြီး ကွဲပြားခြားနားတဲ့ ပြောင်းလဲတိုးတက်မှုကို ရယူလိုက်ပါ။

စီးပွားရေးလုပ်ငန်းဆိုတာ အလွန်ကျယ်ပြန့်တဲ့ အရာ တစ်ခုပါ။ မိမိလုပ်ကိုင်နေတဲ့ စီးပွားရေးကို သူများနဲ့မတူပဲ ထူးခြားစွာတိုးတက် လိုကြတာကလည်း လူတိုင်းရဲ့ ဆန္ဒတစ်ခုပါပဲ။ အခုလို နည်းပညာခေတ်ကြီးမှာ လုပ်ငန်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့ အပြန်အလှန် Mail တွေပို့ပြီး အလုပ်လုပ်ကိုင် နေကြတာကလည်း သာမန်ကိစ္စရပ်တစ်ခု ဖြစ်နေပါပြီ။
အဲ့ဒီလို E-mail ပို့တဲ့အခါ Normal E-mail (@gmail.com, @outlook.com, @yahoo.com) တွေလို မဟုတ်ပဲ လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်း နာမည်နဲ့ E-mail တစ်ဆောင်ပို့မယ် ဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ Brand Identity ကလည်း အဆင့်အတန်းတစ်ခုမှာ ရှိနေစေမှာ အသေအချာပါပဲခင်ဗျာ။

လူကြီးမင်းတို့အတွက် အမြဲအသင့် ရှိနေမည့် Micro-IT’s Facility Management

နည်းပညာများ တိုးတက်လာတာနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း စီးပွားရှာရတာဟာ တကယ်ကိုမလွယ်ကူပါဘူး။

ကွန်ပျူတာများ နည်းပညာပစ္စည်းများ ကိုအသုံးပြုရင်း လုပ်ငန်းများတိုးတက်လည်ပတ်အောင် ကြိုးစားနေရတဲ့ သူများအတွက်ဆို ပိုလို့တောင်ဆိုးပါသေးတယ်။ အလုပ်လုပ်နေရင်း ကွန်ပျူတာ လေးလာတာ၊ ကိုယ်သုံးချင်တဲ့ software ကိုမြန်မြန်ဆန်ဆန်မပွင့်တာ၊ သိမ်းထားတဲ့ file တွေ folder တွေ ပျက်ကုန်တာ၊ အရေးကြီး စာရွက်စာတမ်းတွေ Print ထုတ်ခါနီးမှ Printer က မကောင်းတာ အဲ့လိုတွေကြုံတွေ့ရပြီဆိုရင် တက်ကြွနေတဲ့ စိတ်လေးပါ ဟိုးအောက်ဆုံးထိ ကျဆင်းပြီး ဘာအလုပ်မှ ဆက်မလုပ်ချင်အောင် ဖြစ်စေတတ်ပါတယ်။

Difference Between Normal E-mail and Domain E-mail

မင်္ဂလာပါ ခင်ဗျာ...
ကျွန်တော်တို့ Micro IT မှ အခု Knowledge Sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။
အဲ့ဒါလေးကတော့ ပုံမှန် E-mail နဲ့ Domain E-mail ဘယ်လိုကွာခြားသလည်းဆိုတာလေးပဲဖြစ်ပါတယ်။